မြန်မာက လူအများစုဟာ ဝက်ဘ်ဆိုဒ်တွေကို ဝင်ဖတ်ဖို့ ကြည့်ဖို့ထက် ဖေ့စ်ဘွတ်ခ်ကိုသာ အားသန်ကြတာကိုလည်းသိထားပါတယ်။ ဒါပေမဲ့ တစ်ချို့သာ အားသာချက်တွေက ဖေ့စ်ဘွခ်ကနေမရနိုင်ဘဲ ဝက်ဘ်ဆိုဒ်ကနေသာရနိုင်တာပါ။

အမေးအဖြေတွေကို catagories တွေ tags တွေ နဲ့ ရှာဖို့ ဖတ်ဖို့ဆိုတာက ဝက်ဘ်မှာသာ ပိုအဆင်ပြေမယ်လို့ယူဆလို့  ဒီဝက်ဘ်ဆိုဒ် ကိုဖန်တီးထားတာပါ။

နိုင်ငံတကာက လူအများသုံးနေတဲ့ quora လို ဝက်ဘ်တွေရှိနေပေမဲ့ မြန်မာစာသီးသန့်မဟုတ်တော့ တစ်ချို့ကလည်း စိတ်အဆင်မပြေကြဘူး။ 

ဒါကြောင့် ဒီ အမေးအဖြေ ဝက်ဘ်ဆိုဒ်ကို ဖန်တီးထားတာပါ။

ဖိုရမ်လိုမဟုတ်တဲ့အတွက် အငြင်းအခုန်လုပ်စရာနေရာမဟုတ်ပါဘူး။ 

နည်းပညာ အားနည်းချက်ကြောင့် မပြည့်စုံမှုတွေ အဆင်မပြေတာတွေပ ါနေရင်လည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အကြံပြုစာများကိုလည်း ကြိုဆိုပါတယ်။

လေးစားစွာဖြင့် 

MM Q And A Admin