ပြက္ခဒိန်နဲ့ပတ်သက်ပြီး ဦး Andrew Swe က The Thinker’s Club မှာ ရေးထားတဲ့ ပိုစ်တစ်ခုထဲကနေ ပြန်လည်ကောက်နှုတ်တင်ပြပေးပါ့မယ်။
“” ပြက္ခဒိန် အစောဆုံးက Lunar Calendar type လို့ ပြောတယ်။ Lunar calendar ဆိုတာ လအဝင်အထွက် တခုတည်းနဲ့ သာ သတ်မှတ်တဲ့ ပြက္ခဒိန်ကိုခေါ်တာ။ အလွန်ရှေးကျတဲ့စံနစ်တခုဖြစ်တယ်။ အစောဆုံးအနေနဲ့ စကော့တလန်မှာတွေ့ရတယ်ဆိုတယ်။ ကျောက်ခေတ်လယ် ဘီစီ ၈ ထောင်လောက်ကလို့ဆိုတယ်။ တချို့ပညာရှင်တွေက Lunar Calendar အသုံးသည် ဘီစီ ၃ သောင်းလောက်အထိရှေးကျနိုင်မယ်လို့ ခန့်မှန်းကြတယ်။
ဒီကနေ တဆင့်တက်လာတာကတော့ Lunisolar calendar ဖြစ်တယ်။ လအဝင်အထွက်နဲ့အတူ နေရဲ့ တနှစ်အချိန်ပါ ထဲ့သွင်းသုံးလာတာဖြစ်တယ်။ ရှေးဂရိ၊ ဘာဘီလုံးနီးယန်း၊ ဂေါ်လ်၊ ဟီးဘရူး၊ ဂျိန်း၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ ဗီယက်နမ်၊ မွန်ဂို စတဲ့ ပြက္ခဒိန်များ ဒီအုပ်စု တွင်ပါကြတယ်။
Solar calendar အား ဦးဆုံး သတိပြုမိပြီး စသုံးခဲ့တာ အီဂျစ်တွေလို့ ဆိုတယ်။ နိုင်းမြစ်ရေလျှံမဲ့နေ့ အား ကြိုတင်ခန့်မှန်းတာကနေ စခဲ့တာလို့ဆိုတယ်။ အီဂျစ်ကနေ Solar calendar စံနစ်ကမ္ဘာသို့ ပြန့်သွားပြီး Lunar calendar ကနေ Lunisolar calendar ဖြစ်လာခဲ့တယ်ဆိုတယ်။
ယနေ့ လက်ရှိနိုင်ငံတကာမှာသုံးနေတဲ့ ပြက္ခဒိန်အစသည်လည်း အီဂျစ်ကလို့ပြောရမယ်။ ဘီစီ ၁ ရာစုအချိန် ဂျုးလီယက်ဆီဇာ အီဂျစ်ရောက်သွားချိန် အီဂျစ်က Solar calendar စံနစ်ကိုသဘောကျသွားပြီး သူ ရောမအပြန်အီဂျစ်က ပြက္ခဒိန်ပညာရှင်တွေရောမခေါ်သွားပြီး ရောမပြက္ခဒိန်စံနစ်နဲ့ပေါင်းစပ်ပြီး ပြက္ခဒိန်စံနစ်တခုလုပ်ခဲ့တယ်။ ဂျုးလီယက်ဆီဇာလုပ်ခဲ့လို့ ဂျုးလီးယန်းပြက္ခဒိန်လို့ခေါ်တယ်။ လတွေက ၃၁ ရက် ၃၀ ရက် တလှည့်စီရှိပြီး နောက်ဆုံးလတွင် ၂၉ ရက်သာရှိတယ်။ ပထမဆုံးလအား စထွက်တဲ့ March လို့ခေါ်တယ်။ ဂျုးလီးယက်ဆီဇာမွေးလအား ဂျုလိုင်လို့ခေါ်ပြီး ၇ လမြောက်အား September ၈ လမြောက်အား October ၉ လမြောက်အား November ၁၀ လမြောက်အား December လို့ အသီးသီးခေါ်တယ်။ နောက်ဆုံးလသည် February ဖြစ်တယ်။ ဂျုးလီယက်ဆီဇာလွန်ပြီး သြဂတ်စတပ် တက်လာတဲ့အခါ သူ့မွေးလအား August လို့ ခေါ်ပြီး ရက် ၃၁ ရက်သတ်မှတ်တယ်။ လိုတဲ့ ရက်အား နောက်ဆုံးလ မှ ဆွဲထုတ်ခဲ့လို့ February သည် ၂၈ ရက်ဘဲ ကျန်ခဲ့တယ်။ 16 ရာစု တွင်ပုပ်ရဟန်းမင်းကြီး ဂရေဂိုရီက ခရစ်ဘာသာနဲ့ကိုက်အောင် ၁၀ လမြောက် ဒီဇင်ဘာအား ၁၂ လမြောက် နောက်ဆုံးလအဖြစ် သတ်မှတ်ခဲ့တယ်။ အဲဒီအချိန်ကစလို့ ၇ လမြောက် ၈ လမြောက်စသည်ဖြင့် အမည်ပေးခဲ့တဲ့လတွေ အမည်နဲ့ လလွဲခဲ့တာဘဲ။ ယနေ့ခေတ်သုံး ပြက္ခဒိန်အားဂရေဂိုးရီးယန်း ပြက္ခဒိန်လို့ ခေါ်တယ်။ ဒါကတော့ ယနေ့ခေတ်သုံး ပြက္ခဒိန်စဆွဲတဲ့အချိန်နဲ့ ဘယ်သူတွေ ဘာလုပ်ခဲ့တယ်ဆိုတာပြောတာ။ “”