မြနန်းနွယ်အကြောင်း သိချင်လို့ပါ

ခုရက်ပိုင်း နာမည်ကြီးနေတဲ့ မြနန်းနွယ် အကြောင်း သိချင်လို့ပါ

အသုံးပြုသူ Asked on June 10, 2020 in သမိုင်း.
Add Comment
3 Answer(s)

မြနန်းနွယ် ကို ၁၉၀၆ ခုနှစ်မှာ မွေးပါတယ်။
ခုဆို အသက် ၁၁၁ ပေ့ါ။
အင်္ဂလိပ်ခေတ်မှာ မွေးခဲ့တာဆိုပါတော့။
ဦးသန့် တို့ ဗိုလ်ချုပ်အောင်ဆန်း တို့နဲ့ သိပ်မကွာလှပါဘူး။
မြနန်းနွယ်မွေးတဲ့အချိန်ဟာ လွတ်လပ်ရေးအတွက် လူတွေ နိုးကြားလာကြတဲ့ခေတ်ပေ့ါ။
သူက စော်ဘွားမျိုးဆက်။ ကျောက်တွင်းပိုင် သူဌေးသမီး။ သူမွေးပြီးမှ ကျောက်အောင်တာဆိုတော့ လည်း အကျိုးပေးတဲ့သမီးလေးဆို အရမ်းချစ်ကြပြီး အရာရာ အလိုလိုက်ကြတာပေ့ါ။
အသက် 15 နှစ်ကထည်းက အိန္ဒိယကို ပညာသွားသင်ပါတယ်။ 1926 မှာ အဲ့ကနေ ဝိဇ္ဇာ ဘွဲ့ရပါတယ်။
ပညာတတ် သဌေးသမီး မို့ လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေပေမဲ့ သူကတော့ လက်မခံခဲ့ပါဘူး
အမဲသားမစားပေမဲ့ နွားနို့ တော့သောက်တဲ့ အကျင့်ကို အိန္ဒိယမှာ ကျောင်းတက်ရင်း သူလက်ခံခဲ့ပုံရပါတယ်။

သူ့ အသက် 35 ကျော်လောက်မှာ အိပ်မက်အရ သာသနာ ပြုဖို့ ရန်ကုန်ကိုပြောင်းလာပါတယ်။
ဗိုလ်တစ်ထောင် ဘုရားလမ်း မှာ အိမ်ဝယ်ပြီး နေပါတယ်။
ညနေတိုင်း ဗိုလ်တစ်ထောင်ဘုရား ကိုလာတယ်။ အစိမ်းရောင် ဝတ်တယ်။
တစ်ချို့က မြစိမ်းရောင်မင်းသမီး လို့ ခေါ်ကြတယ်။
အိပ်မက်အရ မြန်မာတပြည်လုံးလှည့်ပြီး ဘုရားပြင် ကျောင်းဆောက်လှူဒါန်းခဲ့ပါတယ်။
မိဘတွေကလည်း သူ့စိတ်တိုင်းကျ လိုက်လျောခဲ့လို့လည်း သူလုပ်ချင်တာ တွေ လိုက်လုပ်နိုင်ခဲ့တယ်။
၁၉၄၅ မှာ စစ်ဘေး ကြောင့် ပျက်စီးရတဲ့အထဲ ဗိုလ်တစ်ထောင်ဘုရားလည်း ပါခဲ့တယ်။
မြနန်းနွယ် ဟာ အလွန်စိတ်မကောင်း ဖြစ်ပြီး ဆုတောင်းခဲ့တယ်။ ဗိုလ်တစ်ထောင်ဘုရား ပြုပြင်ရာမှာ သူဟာ မတည်အလှူရှင်ဖြစ်ခွင့်ရပါစေ ဆိုပြီး ။
၁၉၅၅ လောက်မှာ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားတယ်။
ပြန်လာတော့ ကျန်းမာရေးမကောင်းလို့ မိုးကုတ်ကို ပြန်ပါတယ်။
ဗုဒ္ဓဂါယာကပြန်လာပြီး ချောင်းဆိုးပန်နာ ဖြစ်၍ မိုးကုတ်ကို ပြန်သွားပါတယ်။
၁၉၅၇ ဖေ ဖော်ဝါရီမှာ ကွယ်လွန်အနိစ္စရောက်ပါတယ်။
၁၉၉၀ လောက်မှာ မြန်နန်းနွယ် ရုပ်ထုကိ ထုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလှု့ ဒါယိကာမှ အနေနဲ့ အမှတ်တရ ထုလုပ်တာပါ။
စတင်ထုလုပ်စဥ်က ယောဂီ ဝတ်စုံ နှင့်ဆံချ ထားတဲ့ ဂတုံးနဲ့ရုပ်ထုပါ။
နောက်တော့ သူ့ အမျိုးတွေကို အိပ်မက်ပေးပါတယ်။ ဘုရားမှာ အလှုအတန်းလာလုပ်ဖို့ အိပ်မက်ရတဲ့သူတိုင်းက လာလှူပြီးတိုင်း အပြန်မှာ ကျောက်အောင်ကြရာကနေ
နာမည်ကြီးလာပြီး အမတော်မြနန်းနွယ် ဆိုတာ လူအများကြား ကိုးကွယ်လာကြတော့တာပါပဲ။
ကိုးကွယ်လာတဲ့အလျှောက် ဝတ်စုံတွေ သယ်လာ ပြီး ကပ်လှူရာကနေ ဆံပင်တုတွေပါ ထည့်လာကြကြတာ ခုခေတ်မြင်နေရတဲ့ပုံ အထိပါပဲ။
တချို့ကလည်း သူဟာ သိုက်စောင့်လို ဆိုပြန်တယ်။

 

CREDIT - http://sainaungnote.blogspot.com/2016/02/blog-post.html

အသုံးပြုသူ Answered on June 10, 2020.
Add Comment

http://sainaungnote.blogspot.com/2016/02/blog-post.html

အထက်ပါ လင်ခ်မှာလည်း ဖတ်နိုင်ပါတယ်

အသုံးပြုသူ Answered on June 10, 2020.
Add Comment

ဂမ္ဘီရဆန်ဆန် ဖြစ်ရပ်တွေနဲ့ အစ်မတော် မြနန်းနွယ်

အောက်ပါ ဗီဒီယို မှာလည်း ကြည့်နိုင်ပါတယ်။

အသုံးပြုသူ Answered on June 10, 2020.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.