မြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ မှတ်ပုံတင်အမျိုးအစားတွေကို သိချင်လို့ပါ

မြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့နိုင်ငံသားစီစစ်ရေးကဒ်ပြားအမျိုးအစား ဘယ်လောက်ရှိလဲ အရောင်တွေက ဘယ်လိုခွဲတာလဲ သိချင်လို့ပါခင်ဗျာ

အသုံးပြုသူ Asked on October 31, 2020 in အထွေထွေ.
Add Comment
1 Answer(s)

1982နိုင်ငံသားဥပဒေအရ ကျွန်တော်တို့မြန်မာနိုင်ငံမှာ

(၁)နိုင်ငံသား
(၂)ပြုနိုင်ငံသားနဲ့
(၃)ဧည့်နိုင်ငံသားဆိုပြီး နိုင်ငံသားအမျိုးအစား(၃)မျိုးရှိပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားများ

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို ပန်းရောင်ကဒ်
ဧည့်နိုင်ငံသားစိစစ်ရေးကဒ်ပြားကို အပြာရောင်ကဒ်နဲ့
ပြုနိုင်ငံသားစိစစ်ရေးကဒ်ပြားကို အစိမ်းရောင်ကဒ်ပြားဆိုပြီး သုံးရောင်ခွဲခြားသတ်မှတ်ထားပါတယ်။

အမျိုးသားမှတ်ပုံတင်ကဒ်ပြား(သုံးခေါက်ချိုးမှတ်ပုံတင်)

RE: မြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ မှတ်ပုံတင်အမျိုးအစားတွေကို သိချင်လို့ပါ

ဒါ့အပြင် ၁၉၄၉/၁၉၅၁ အမျိုးသားမှတ်ပုံတင်ရေးဥပဒေများအရ ထုတ်ပေးခဲ့တဲ့ အမျိုးသားမှတ်ပုံတင်တွေလည်းရှိပါတယ်။

ဒါတွေကတော့ အမျိုးသားဆို အစိမ်းရောက်ကဒ်ပြား
အမျိုးသမီးဆို ပန်းရောင်ကဒ်ပြားဆိုပြီးခွဲခြားသတ်မှတ်ထားပါတယ်။
လက်ရှိမှာ အမျိုးသားမှတ်ပုံတင်တွေကိုဆက်လက်ကိုင်ဆောင်နေကြတာမျိုးရှိနေပြီး အဆိုပါအမျိုးသားမှတ်ပုံတင်တွေကိုတော့ နိုင်ငံသားစိစစ်ရေးကဒ်ပြားအသီးသီး ပြောင်းလဲလျှောက်ထားရန်လိုအပ်ပါတယ်။

သက်သေခံကဒ်ပြား(White Card)

ဒါတွေကတော့ နိုင်ငံအတွင်းနေထိုင်ကြောင်း သက်သေခံကဒ်ပြားဘဲဖြစ်ပြီး လက်ရှိမှာလည်း ထုတ်ပေးနေဆဲကဒ်ပြားဖြစ်ပါတယ်။

 

အသုံးပြုသူ Answered on October 31, 2020.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.