သေနတ် အခြေခံ အလုပ် လုပ်ပုံ

သေနတ် အခြေခံ အလုပ် လုပ်ပုံ

သေနတ်တစ်လက်ရဲ့ အခြေခံ အလုပ်လုပ် ပုံလေးများ မြန်မာလိုရှင်းပြထားတာရှိရင်ဖတ်ချင်ပါတယ်/

အသုံးပြုသူ Asked on March 11, 2021 in နည်းပညာ.
Add Comment
2 Answer(s)

မေးခွန်းကြီးကလည်း ကြောက်စရာကြီး။ ဒီအချိန်မေးတာဆိုတော့ ဖြေရမှာခပ်လန့်လန့်ပဲ 😀

အသုံးပြုသူ Answered on March 11, 2021.
Add Comment
သူများရေးထားတာလေး အဆင်သင့်တွေ့လို့ ကိုယ်တိုင် ရှာပြီး ဘာသာမပြန်တော့ဘဲကူးတင်ပေးလိုက်ပါတယ်နော်။
အခြေခံအားဖြင့်သေနတ်တစ်လက်အလုပ်လုပ်ဆောင်ပုံအဆင့်များ
—<>—
သေနတ်တစ်လက်တွင်ပါဝင်သောအစိတ်အပိုင်းများနှင့်အလုပ်လုပ်ပုံများကို လက်တွေအသုံးချနိူင်ရန် အများနားလည်သောစကားလုံးများဖြင့်ရှင်းပြပါမည်၊
သေနတ်တစ်လက်တွင် အခြေခံအားဖြင့် —
(၁) ဒင်ပိုင်း
(၂) ကိုယ်ထည်ပိုင်း
(၃) ပြောင်းပိုင်း ( အတွင်းတွင် ပြောင်းရစ်ပါ)
(၄) လုံခြုံရေးခလုတ်
(၅) ကျည်ထိုးတံလက်ကိုင်
(၆)ပစ်ခလုတ်
(၇)ကျည်အိမ်ထိမ်းခလုတ်
(၈)အပစ်လက်ကိုင်
(၉)ရှေ့ချိန်သီး
(၁၀)နောက်ချိန်ခွက်
(၁၁)ကျည်အိမ်
(၁၂)ကျည်ဆံ
အတွင်းတွင်
(၁၃) မောင်းတုံးနှင့်ကျည်ရိုက်တံ
(၁၄)မောင်းပြန်စပရိန်
(၁၅)ကျည်ကော်
ဟူ၍ အကြမ်းဖျင်းပါရှိပါသည်၊
သေနတ်တစ်လက် မပစ်မီ ဦးစွာကျည်ထိုးရပါမည်၊ ထိုးရန်နည်းစနစ်မှာ ကျည်ဖြည့်ထားသောကျည်အိမ်ကို ကျည်အိမ်ပေါက်တွင်တတ်ပါ၊ ကျည်ထိုးတံဘုကို နောက်သို့စွဲ၍ ရှေ့သို့ပြန်ပို့ခြင်းဖြင့် ပြောင်းရင်းအတွင်းသို့ ကျည်ထိုးပြီး ပစ်ခတ်ရန်အသင့်ဖြစ်ပါပြီ၊
ပစ်ခတ်ရန်အတွက် အပစ်ခလုတ်အနီး သေနတ်ကိုယ်ထည်တွင် လုံခြုံရေးခလုတ်ရှိပါသည်၊ ခြေမှုန်းရေး သေနတ်အများစုတွင် —
လုံ ( ပစ်ခလုတ်ညှစ်၍မရပါ ၊ ပိတ်ထားသောအနေအထား)၊
တ ( တစ်တောင့်ခြင်းပစ်ခတ်ရန်အနေအထား) ၊
တွဲ (ခလုတ်ညှစ်ထားသ၍ အတွဲလိုက်တရစပ် ကျည်အိမ်တွင်း ကျည်ကုန်သည်အထိ ပစ်ခတ်နိုင်သည့်အနေအထား)
ပုံတွင် ပြထားသည်မှာ အတွဲလိုက်အနေအထားဖြစ်သည်၊ အပေါ်တစ်ဆင့်တင် လျှင် တစ်တောင့်ချင်းအနေအထား နှင့် အပေါ်ဆုံးကိုယ်ထည်ကပ်သည်ထိတင်လျှင် လုံအနေအထားဖြစ်သည်၊
ဟူ၍သုံးမျိုးပါရှိပါသည်၊ တစ်တောင့်ခြင်းပစ်လိုလျင် “ တ” တွင်ထားပါ၊ အတွဲလိုက် ပစ်လိုလျင် “ တွဲ “ ကိုရွှေးချယ်ပါ၊
လုံခြုံရေးခလုတ်ကို လိုအပ်သလိုရွှေးချယ်ပြီးလျင် ပစ်ခတ်ရန်အသက်သွင်းပြီး ဖြစ်ပါပြီ ၊ ပစ်မှတ်ကိုချိန်နည်း ဖေါ်ပြပြီးဖြစ်ပါသည်၊
ပစ်ခတ်ရန်အတွက် ညာလက်ဖြင့် အပစ်လက်ကိုင်ကိုကိုင်ပါ၊ လက်ညှိုးကို မပစ်မခြင်းအပစ်ခလုတ်ကွင်းပေါ်တန်းလျက်တင်ထားရပါမည်၊ ကွင်းအတွင်းထည့်မထားရပါ၊မတော်တဆ ကျည်ပေါက်ထွက်မှုဖြစ်ပြီး အချင်းချင်း မထိမှန်စေရန်ဖြစ်သည်၊ လုံခြုံရေးခလုတ်ကို အမြဲတမ်း ပစ်ခါနီးမှဖွင့်ရပါမည်၊ စစ်ဆင်ရေးများတွင် ကျည်ထိုးရန် အချိန်မပေးလို၍ အသင့်ကျည်ထိုးထားသော်လည်း ပွိုင့်မှအပ လုံခြုံရေးကိုခလုတ်ဖွင့်ထားလေ့မရှိပါ၊
ဘယ်ဘက်လက်ဖဝါးဖြင့် ပြောင်းကာကိုဆုပ်ကိုင်ပါ၊ ဒင်ကို ညာပခုံးကြွက်သားတွင်ထောက်ပါ၊ မထိတထိ မထောက်ရပါ ၊ သေသေချာချာကပ်နေအောင် ဖိထောက်ထားရပါမည်၊ အရိုးတွင်မထောက်ရပါ ၊ သေနတ်ပစ်သောအခါ ပြောင်းအတွင်းသို့ ကျည်နောက်တစ်တောင့် အလိုလျှောက် ထိုးရန် ထွက်သွားသည် ကျည်၏ယမ်းကန်အားဖြင့် ပြန်ထိုးသည့်စနစ်ဖြစ်သဖြင့် နောက်ကန်အားရှိပါသည်၊ အရိုးကိုထောက်လျင်နာမည်၊ မိမိရရမထောက်ထားလျင် ပစ်မှတ်ကို မထိနိုင်သလို၊ နောက်ကန်အာရှိန်ကြောင့် ကိုယ့်ပခုံးကိုယ် ဒင်ဖြင့်ရိုက်မိသလိုဖြစ်နိုင်ပါသည်၊
ပြီလျင် ဖေါ်ပြပြီး ချိန်နည်းအတိုင်း ဒင်ကိုညာပါးတွင်ကပ်လျက် ချိန်ပါ၊ ဖေါ်ပြပြီး ပစ်နည်းအတိုင်း ပစ်ပါ။
ပစ်ခတ်ပုံအနေအထား
(၁) ရပ်လျှက်ပစ်ခတ်ခြင်း
(၂) ထိုင်လျှက်ပစ်ခတ်ခြင်း
(၃) မှောက်လျှက်ပစ်ခတ်ခြင်း
ဟုဖြစ်ပါသည်၊ တပ်မတော်သုံး သေနတ်အမျိုးအစားများနှင့် အချက်အလက်များကို ဆက်လက်ရှာဖွေတင်ပြပါအုံးမယ်။
💪💪💪💪
သေနတ်အကြောင်းရေးမယ်ဆိုပေမဲ့ အများကြီး မရေးပါဘူး၊ အသုံးချရုံအတွက်ပေါ့၊
—<>—
သေနတ်တစ်လက်တွေ့တာနဲ့ သရဲ တစ္ဆေတွေ့သလို ကြောက်နေစရာ မလိုတော့အောင်ပါ၊
ပထမဆုံး ချိန်နည်းလေး အမြီးပေးမယ်၊သေနတ်တိုင်းမှာ နောက်ချိန်ပေါက် နှင့် ရှေ့ချိန်သီး ပါပါတယ် ၊ နောက်ချိန်ပေါက်ဟာ ဒင်ရှေ့မှာဖြစ်ပြီး၊ ရှေ့ချိန်သီးဟာ ပြောင်းဖက်ထိပ်မှာလို့ အကြမ်းဖျင်း မှတ်နိုင်ပါတယ်၊
ချိန်တဲ့အခါ အပိုင်း (၃) ပိုင်းရှိပါတယ်—
(၁) ပစ်မှတ် ( ကိုယ်ပစ်မဲ့အရာ)
(၂) ရှေ့ချိန်သီး
(၃) နောက်ချိန်ပေါက်
ဒီစာချိုးလေးမှတ်ထားပါ—
ဘယ်ဘက်မျက်စိကိုမှိတ်
နောက်ချိန် ပေါက်မှရှေ့ပစ်မှတ်ကိုကြည့်
ရှေ့ချိန်သီးကို ချိန်သားအမှန်တွင်ထား၍ ချိန်ပါ
သဘောပေါက်မယ်ထင်ပါတယ် ၊
ပစ်မှတ်ကို ချိန်ပြီးသွားလို့ပစ်တော့မယ်ဆို
သက်၊ မှန်၊ မောင်း
ဆိုတာလေး မှတ်ထားပါ ၊ အကျယ်ကတော့ —
အသက်ကို ဖြည်းညင်းစွာရှုသွင်းပြီးလျင် အောင့်ထားလိုက်ပါ၊ မောင်းခလုတ်ဖြုတ်တဲ့ အချိန် အသက်ရှုသွင်း ထုတ်နေတဲ့အခါ ခန္ဓာကိုယ်လှုပ်နေတဲ့အတွက် ပစ်မှတ်ကို မထိနိုင်ပဲ လွဲချောသွားမှာပါ၊
မှန်ကန်စွာချိန်ရွယ်ပါ ( အထက်တွင် ရေးခဲ့ပြီး)
အသက်အောင့်ထားချိန်မှာ မောင်းခလုတ်ကို ဖြေညင်းစွာဆွဲပါ၊ အတင်းဆွဲလိုက်ရင် ချိန်ထားတဲ့ ပစ်မှတ်လွဲသွားမှာပါ၊
ပုံကတော့ မြန်မာ့တပ်မတော်သုံး MA-1 ခြေမှုန်းရေးရိုင်ဖယ်ဖြစ်ပါတယ်၊ ၅.၅၆ မီလီမီတာကျည်နှင့်ပစ်ခတ်ရပါတယ်၊

RE: သေနတ် အခြေခံ အလုပ် လုပ်ပုံ

RE: သေနတ် အခြေခံ အလုပ် လုပ်ပုံ

အသုံးပြုသူ Answered on March 11, 2021.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.