IELTS Reading တွေ အစမ်းဖြေကြည့်ရင် အမှတ်ကောင်းအောင်ဘာလုပ်ရမလဲ

IELTS Reading တွေ မဖတ်နိုင်ဘူး၊ နားမလည်ဘူး၊ အစမ်းဖြေကြည့်ရင် အမှတ်မကောင်းဘူး … ဘာလုပ်ရမလဲ ပြောပြပေးကြပါလား

အသုံးပြုသူ Asked on June 28, 2020 in Comics.
Add Comment
1 Answer(s)

၁။ IELTS မှာ ဖတ်ရလေ့ရှိတဲ့ စာတွေ အကြောင်းအရာတွေ နဲ့ခပ်ဆင်ဆင် တူတဲ့ ဆောင်းပါးမျိုးတွေကို ဗမာလိုဆိုရင်ရော ကြုံကြိုက်တိုက်ဆိုင်တိုင်း ဖတ်ပါ၊ နားလည်အောင် သေချာ ဖတ်ပါ။

၂။ အဲဒီထက် လွယ်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်စာတမ်း တိုတိုထွာထွာလေးတွေရော အင်္ဂလိပ်လို နေ့စဉ် ပုံမှန် ဖတ်ပါ။

၃။ ကိုယ် ကျင်လည်ရာ လုပ်ငန်းခွင်ဆိုင်ရာ စာအုပ်စာပေ ဆိုရင် ဗမာလို အင်္ဂလိပ်လို သေသေချာချာ ရှာဖွေ ဖတ်ပါ။

အခုချက်ချင်း နိုင်ငံခြား ကျောင်းတက်တော့မှာ မဟုတ်ရင် IELTS ဖြေဖို့ ခဏ မေ့ထားပြီး အဲဒါတွေ အရင် ကြိုးစားဖို့လိုပါမယ်။

Credit – Kyaw Moe Aung

အသုံးပြုသူ Answered on June 28, 2020.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.