Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

Sim2Fly အကြောင်း  တတ်နိုင်သလောက် မျှဝေပေးကြပါဦးရှင့်။

အသုံးပြုသူ Asked on March 24, 2021 in နည်းပညာ.
Add Comment
1 Answer(s)

Credit to Kyaw Thu Hein

Sim2Fly အကြောင်းအချို့ why, where & how
*********************************************
Sim2fly AIS sim card ဆိုတာ Physical Sim Card and E-sim ဆိုပြီး ရှိပါတယ်။
sim card ဝယ်ယူတယ့်အခါ အထဲမှာ Thai လိုရော Englishလိုပါ ရေးထားတယ့် Instruction bookပါပါတယ်။ GSM sim cardမို့ မြန်မာပြည်မှာရှိတဲ့ operator(MPT, Mytel, Ooredoo နဲ့ Telnor)က အင်တာနာတိုင်တွေကို ချိန်ပြီး data roaming ချိတ်ဆက်သုံးတာပါ။ အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ operator တွေရဲ့ Data roaming စနစ်ကို ပိတ်ချမှသာ လုံးဝ သုံးလို့မရတော့မှာပါ။ Data roamingဖွင့်ပေးထားရင် ချိတ်သုံးလို့ရပါ‌ သေးတယ်။ (Data roaming နဲ့ mobile data ဖုန်းအင်တာနက် နဲ့ မတူပါ)
လက်ရှိ မြန်မာနိုင်ငံမှာ mobile data ဖုန်းအင်တာနက် ပိတ်ချလိုက်ပေမဲ့ Data roamingတော့ ဖွင့်ထား‌ ပေးပါ‌ သေးတယ်)
E simကျ sim cardထည့်စရာမလိုဘဲ QR code scan ဖတ်ပြီးသုံးရလို့ ရပေမဲ့ physical cardမဟုတ်တော့ errorများလို့
Sim cardက ဝယ်ယူတာနဲ့ ဆယ်ရက်စာ 6GBပါပါတယ်။ register လုပ်ပြီးသား sim cardကို ဖုန်းhandset ရဲ့ sim 1‌ နေရာမှာထည့် ပြီး roaming စဖွင့်တဲ့နေ့မှစပြီး ဆယ်ရက် စရေတာပါ။ ဝယ်ကတည်းက ရက်ရေတာမဟုတ်ပါဘူး။ Dual sim phone တွေဆို sim1 နေရာမှာ ထည့်ရပါမယ်။ ဆယ်ရက်အတွင်း 6GBကုန်သွားရင်တောင် သူက အရင်လို MBs per secondနဲ့ လိုင်းမတက်တော့ဘဲ KBs per secondပဲ လိုင်းတက်ပြီး နှေးသွားသလိုပဲရှိပြီး သုံးမရတာမဟုတ်ပါဘူး။ ဆယ်ရက်ပြည့်သွားရင်တော့ data ကျန်တောင် expired ဖြစ်လို့ သုံးမရတော့ပါဘူး။
Sim card ဝယ်ယူတယ့်အခါမှာ ပါလာတယ့် instructions bookထဲမှာ setting ချိန်နည်းပါပါတယ်။ အဲ့မှာ ခုနောက်ပိုင်းမှာ select mobile networkကို automatically ထားရင် MPT,mytelနဲ့ ချိတ်မိရင် လိုင်းမတက်ဘူးပြောကျပါတယ်။ အဲ့အခါ select mobile network ကို automatically မထားတော့ပဲ manual ပြောင်းပြီး ကိုယ့်handset မှာ လိုင်းမြန်စေတဲ့ အဆင်ပြေတဲ့ Ooredoo 4G သို့မဟုတ် ပေါ်လာတဲ့လိုင်းတွေထဲက အနီးစပ်ဆုံးကို ချိတ်ပေးပါ။ (ခုရက်ပိုင်းလိုင်းမတက်ဘူးပြောတယ့်သူတွေ အဲ့တာလေးလုပ်ကြည့်ပါ)
အဲ့ဒါသည် ဖုန်းထဲမှာ MPT,Mytel,Telenor,Ooredoo sim ထည့်ထားတာနဲ့ မဆိုင်ဘဲ sim2fly sim cardက ကြိုက်ရာရွေးပြီး ချိတ်လို့ရပါတယ်။ (Ooredoo 4Gက ပိုလိုင်းကောင်းပါတယ်)
Sim card ဝယ်ထားသူအနေနဲ့လည်း My AIS ဆိုတဲ့ Appလေးdownထား‌ စေချင်ပါတယ်။ အဲ့ဒီမှာ region နေရာကို မြန်မာလို့ရွေးပြီးရင် data roaming packageမှာ မိမိနှစ်သက်ရာ ကိုဝယ်ယူနိုင်ပါတယ်။
နယ်တွေဖက်မှာ operatorဖုန်းတွေ မိတယ်။ ဖုန်းဆက်လို့ရတယ်ဆို ခု cardလည်း သုံးလို့ရပါတယ်။ လိုင်းလုံးဝမမိတဲ့နေရာမှာသာ sim cardက ချိတ်စရာ အင်တာနာ မရှိလို့ မရပါဘူး။ (Ooredooမိတဲ့နေရာက ပိုအဆင်ပြေမှာပါ)

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

RE: Sim2Fly အကြောင်း လေးသိချင်လို့ပါရှင့်

အသုံးပြုသူ Answered on March 24, 2021.
Add Comment

Your Answer

By posting your answer, you agree to the privacy policy and terms of service.